ဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုပြိုင်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနား

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်း အသီးသီးမှ ပထမနှစ်၊ ဒုတိယနှစ်ကျောင်းသား၊ကျောင်းသူများ၏ လက်တွေ့ လုပ်ငန်း ကျွမ်းကျင်မှု ပြိုင်ပွဲကို (၂၈.၂.၂၀၂၃) နေ့တွင်ကျင်းပခဲ့ပြီး၊ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ များ (၂၈.၂.၂၀၂၃)နေ့တွင် ဆုများချီးမြှင့် ပေးအပ်ခဲ့ပါသည်။

တတိယအကြိမ်နှင့်စတုတ္ထအကြိမ် အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနား

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို (၇.၁.၂၀၂၃ နှင့် ၈.၁.၂၀၂၃)နေ့များတွင် ကျင်းပပြီးစီးခဲ့ပါသည်။ ထိုအခမ်းအနားတွင် အောင်လက်မှတ် တက်ရောက်ယူသူ ကျောင်းသား၊ကျောင်းသူ (၁၀၉)ဦးနှင့် အဝေးရောက်ယူသူ (၉၉)ဦး ရှိပါသည်။

ဝန်ထမ်းလျှောက်ထားသူများ၏ ရေးဖြေအောင်စာရင်းနှင့် လူတွေ့စစ်ဆေးမည့်ရက် ကြေငြာခြင်း

အငယ်တန်းစာရေး၊စာရင်းကိုင် ၄၊ အစောင့်၊ရုံးအကူ ၊သန့်ရှင်းရေးအကူ ရာထူး လျှောက်ထားသူ များအား လူတွေ့စစ်ဆေးခြင်းကို အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်) တွင် ၂၀.၈.၂၀၂၂ နေ့မှ ၂၂.၈.၂၀၂၂နေ့ထိ ကျင်းပမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

ကိုဗစ်-၁၉ ကာလအတွင်း Handgel များပြုလုပ်နိုင်ရန် သင်တန်းပေးဆောင်ရွက်ခြင်း

ကိုဗစ်-၁၉ ကာလအတွင်း အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၏ ဆရာ/ဆရာမ များ၊ ကျောင်းသား/သူ များနှင့် ဝန်ထမ်းများအားလုံး အသုံးပြုရန် အတွက် ဓာတုဗေဒဘာသာရပ်မှ ဦးဆောင်၍ Handgel များပြုလုပ်ခြင်းကို သင်တန်းပေးဆောင်ရွက်ခဲ့ပါသည်။

ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့် တင်မှု့သင်တန်းဌာနဖွင့်လှစ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် ဉရောပသမဂ္ဂတို့၏ ပံ့ပိုးကူညီမှု့ဖြင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(နေပြည်တော်)တွင် ကျောင်းအခြေပြု စွမ်းဆောင်ရည် မြှင့်တင်မှု့သင်တန်းဌာန (IBPT Centre) ဖွင့်လှစ်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲအား အဆိုပါကျောင်း၏ စုဝေးခန်းမတွင် (၃၁.၇.၂၀၁၉)ရက်နေ့၊နံနက် (၉.၃၀နာရီ) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရနည်းပညာ အထက်တန်းကျောင်း(နေပြည်တော်)ကျောင်းအုပ်ကြီး၊ စီးပွားရေးလုပ်ငန်းရှင်များ၊...

အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ

အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စွမ်းဆောင်မှုများ၊ လွတ်လပ်‌ရေး ရရှိရန် ကြိုးစားအားထုတ်နေသော ခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပေါ်လာပုံ အာဇာနည်တစ်ဉီးချင်း၏ အတ္ထုပတ္တိ အကြောင်းများအား ကျောင်းသားကျောင်းသူများအား ‌ဟောပြော၍ နေ့ထူးနေ့မြတ်ဖြစ်သော အာဇာနည်နေ့အား ဂုဏ်ပြု‌ဟောပြောသော အခမ်းအနားအား ကျင်းပခဲ့ပါသည်။

IBPD Center ဦးဆောင်မှုဖြင့်ဖွင့်လှစ်သော ဆရာ/ဆရာမများစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဆင်းပွဲ

ကျောင်းသား၊ကျောင်သူများ ကျောင်းပိတ်သည့်ကာလတွင် ဆရာဆရာမများ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း အဖြစ် English 4.skills သင်တန်းဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်