အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်(၂၀၂၂-၂၀၂၃)ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအားဆုပေးပွဲ အခမ်းအနား မှတ်တမ်းဓါတ်ပုံများ

(၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ နှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအားဆုပေးပွဲ အခမ်းအနားကို အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၊ သုံးထပ်ဆောင်ခန်းမ၌ (၄.၈.၂၀၂၃) နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ကျင်းပခဲ့သည့် Innovation Project Award ပြိုင်ပွဲနှင့် လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ၌ ဦးစီးဌာနအောက်ရှိ ကျောင်းအားလုံးတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)Building Technology ဌာနမှ ပထမဆုရရှိသည့် ကျောင်းသားအားဆုချီးမြှင့်သည့် မှတ်တမ်းဓါတ်ပုံ

နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် (၂၄.၇.၂၀၂၃ မှ ၂၆.၇.၂၀၂၃ ထိ)ကျင်းပခဲ့သည့် Innovation Project Award ပြိုင်ပွဲနှင့် လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲ၌ ဦးစီးဌာနအောက်ရှိ ကျောင်းအားလုံးတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)Building Technology ဌာနမှ မောင်မျိုးဇော်ထက် မှ ပထမဆုရရှိခဲ့ပါသည်။