အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် ကျောင်းသား/သူများနှင့် ညှိနှိုင်း အစည်းအဝေး တက်ရောက်ခြင်း

ပညာရေးဝန်ကြီးဌာနမှ ကျင်းပသော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် ကျောင်းသား/ သူများနှင့် ညှိနှိုင်းအစည်း အဝေး ကို (၂၃.၁၂.၂၀၂၀)ရက်နေ့ (နံနက် ၉;၀၀ နာရီ) တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဆရာသမဂ္ဂအဖွဲ့ဝင်ဆရာ/ဆရာမများနှင့် ကျောင်းအသီးသီးမှ ကျောင်းသား/သူ များတက်ရောက်ခဲ့ရာ နည်းပညာနှင့်သက်မွေးကဏ္ဍအတွက် အစိုးရနည်း ပညာအထက်တန်း ကျောင်း(နေပြည်တော်) မှကျောင်းသားကိုယ်စားလှယ် မောင်မင်းပိုင်စိုး (1BT-17) နှင့် မောင်မင်း ခန့်ဇော် (1ET-27) တို့တက်ရောက်ခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်