ကျောင်းအကြောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)ကို ၂၀၀၉ခုနှစ်၊ မေလ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ဤကျောင်းအဆောက်အဦနေရာသည် မူလတန်းလွန်ကျောင်းအဖြစ် ဖွင့်လှစ်ရန်ရည်ရွယ်ဆောက်လုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ လွှဲပြောင်းလက်ခံခဲ့ပြီး အစိုးရနည်းပညာအထက်တန်း ကျောင်းကို ဖွင့်လှစ်ခဲ့ပါသည်။

• နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအား အာမခံမှုရှိသော သင်ကြားသင်ယူမှုများဖြင့် လုပ်ငန်းခွင်ကျွမ်းကျင်သော သင်တန်းသားများ မွေးထုတ်ပေးရန်။ • နိုင်ငံတကာမှ အသိအမှတ်ပြုသော အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာစေရန်။
• နည်းပညာနှင့်သက်မွေးပညာကို သင်ယူလိုသူတိုင်း လေ့လာသင်ကြားခွင့် ရရှိစေရန်။ • သင်ယူတတ်မြောက်ပြီးသော အတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန်။ • ဒေသအတွင်း လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်။ • အရည်အသွေးအာမခံမှုရှိပြီး လုပ်သားဈေးကွက်၏ လိုအင်နှင့်လိုက်လျောညီထွေမှု ရှိသော ကျောင်းသား၊ကျောင်းသူများ မွေးထုတ်ပေးနိုင်ရန်။
စဉ်တာဝန်ထမ်းအောင်ခဲ့သော ကျောင်းအုပ်ကြီးများထမ်းဆောင်ခဲ့သည့်ကာလ 
မှထိ
ဦးကြည်ဌေး၅.၅.၂၀၀၉၁၈.၅.၂၀၀၉
ဦးကြည်ဝင်း၁၉.၅.၂၀၀၉၈.၁၂.၂၀၁၁
ဦးဝင်းမော်ထွန်း၉.၁၂.၂၀၁၁၁၈.၁၂.၂၀၁၁
ဦးသက်လွင်တိုး၁၉.၁၂.၂၀၁၁၁၂.၅.၂၀၁၈
ဦးညိုချော၁၈.၅.၂၀၁၈၃၁.၁၀.၂၀၂၁
ဦးအောင်ထိုက်သူ၁.၁၁.၂၀၂၁ယနေ့အထိ
အမည်          ဦးအောင်ထိုက်သူ
ရရှိခဲ့သောဘွဲ့      ME (Electrical Power)
ရာထူး          ညွှန်ကြားရေးမှူး
တာဝန်ထမ်းဆောင်ခဲ့သောကျောင်းများ-
သရုပ်ပြ မန္တလေးနည်းပညာတက္ကသိုလ်
သရုပ်ပြ အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)
လ/ထ ကထိက အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)
လ/ထ ကထိက အစိုးရနည်းပညာကောလိပ်(မအူပင်)
ကထိက အစိုးရနည်းပညာကောလိပ်(မအူပင်)
ကထိက အစိုးရနည်းပညာကောလိပ်(မအူပင်)
ကထိက အစိုးရနည်းပညာကောလိပ်(မြစ်ကြီးနား)
ကထိက၊
ကျောင်းအုပ်ကြီး
အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)
ဒုတိယညွှန်ကြားရေးမှူး၊
ကျောင်းအုပ်ကြီး
အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)
ညွှန်ကြားရေးမှူး၊
ကျောင်းအုပ်ကြီး
အစိုးရနည်းပညာအထက်တန်းကျောင်း(မင်းတပ်)
ညွှန်ကြားရေးမှူး၊
ကျောင်းအုပ်ကြီး
အစိုးရနည်းအထက်တန်းကျောင်း(နေပြည်တော်)

ကျောင်းဖွဲ့စည်းပုံ