စာပေဌာန
စာပေဌာနတွင် မြန်မာ ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒ ဘာသာရပ်များ ပါဝင်ပါသည်။ ဤဘာသာရပ်(၅)ခုသည် အင်ဂျင်နီယာဘာသာရပ်အားလုံးအတွက် အထောက်အကူရရှိစေရန် သင်ကြား ပို့ချပေးပါသည်။ထူးချွန်သော အင်ဂျင်နီယာကျောင်းသား/သူများ ဖြစ်လာစေရန် ရည်ရွယ်၍လက်တွေ့နှင့် ဆက်စပ်မှု ရှိသောတွေးခေါ်မှုများ ရရှိစေရန် ခြုံငုံ၍ သင်ကြားပေးပါသည်။
မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များ သင်ကြား သင်ယူမှု လုပ်ငန်းစဉ်တွင် ထိရောက်မှုရှိစေရန် lesson plan များစနစ်တကျရေးဆွဲ၍ သင်ကြားပါသည်။
စာပေဘာသာရပ်များအနေဖြင့် ကလေးများတိုးတက်မှု ရှိစေရန်အတွက်
(၁) နှုတ်မေးခွန်းများမေးခြင်း။
(၂) Tutorial /Assignments များပြုလုပ်စစ်ဆေးပေးခြင်း။
(၃) တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မေးခွန်းများ မေးမြန်းစေခြင်း ။
(၄) Group ဖွဲ့၍ပြိုင်ပွဲများ ကျင်းပပေးခြင်း။
ထိုသို့ကျင်းပရာတွင် Question Type ပုံစံကို
Type (I)
ကျောင်းသင်ခန်းစာများကို တတ်ကျွမ်းနားလည်မှုရှိခြင်းကို စမ်းသပ်ခြင်:။
Type (II)
ကျောင်းသား/သူများ၏ ဖြတ်ထိုးဉာဏ်ကို စမ်းသပ်ခြင်:။
Type (III)
မေဂျာနှင့်ပတ်သတ်သည့်ပုံများကို အတွေးအခေါ်ဖြင့် မြင့်တက်မှုရှိခြင်းကို စမ်းသပ်ခြင်း။
Type (IV)
ဘာသာရပ်နှင့် လက်တွေ့လူမှုဘဝတွင် ဆက်နွယ်မှုရှိစေရန် အတွေးအခေါ်များကို စမ်းသပ်စစ် ဆေးခြင်း။
Type(V)
ကျောင်းသားကျောင်းသူများ၏activities များကိုကြည့်၍ အကဲဖြတ်အမှတ်ပေးခြင်း
တို့ဖြင့်အဆင့်ဆင့် ပြုလုပ်၍စစ်ဆေးခဲ့ပါသည်။
စာပေဌာနအနေဖြင့် ထူးချွန်သောအင်ဂျင်နီယာ ကျောင်းသား/သူများမွေးထုတ်ရာတွင် အထောက် အပံ့ဖြစ်စေရန် သင်ကြားပေးခြင်းနှင့် ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြင့်မားစေရန် ဘာသာရပ် နှင့်ဆိုင်သော knowledge sharing များပြုလုပ်ကြပါသည်။
စာပေဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း
မြန်မာစာ
စဥ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်ပန်းနုသွေး | M.A(Myan;),M.Res | ကထိက |
အင်္ဂလိပ်စာ
စဥ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်သဉ္ဇာလွင် | M.A(Eng;) | ကထိက |
၂ | ဒေါ်ဇင်မီထွေး | B.A(Eng;) | ကထိက |
၃ | ဒေါ်သက်သက်မွန် | M.E.S.P | လက်ထောက်ကထိက |
သင်္ချာ
စဥ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်သင်းသင်းအေး | M.Sc(Maths) | တွဲဖက်ပါမောက္ခ |
၂ | ဒေါ်ဆုမြတ်နိုး | M.Sc(Maths) | လ/ထကထိက |
၃ | ဒေါ်ဝင်းမြတ်နွယ် | B.Sc(Maths;)(Hons) | နည်းပြ |
ဓာတုဗေဒ
စဥ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်ခင်သီတာစိုး | M.Sc(Chem) | တွဲဖက်ပါမောက္ခ |
၂ | ဒေါ်ခိုင်သင်းကြည် | B.Sc(Chem;)(Hons) | နည်းပြ |
၃ | ဦးညီညီထွေး | "B.Sc(Chem;)(Q)" | နည်းပြ |
ရူပဗေဒ
စဥ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်အိအိဟန် | M.Sc(Phy;) | တွဲဖက်ပါမောက္ခွ |
၂ | ဒေါ်အေးငြိမ်းသီတာ | M.Sc(Phys) | ကထိက |
ဒေါ်ခင်မြတ်သူ | M.Sc(Phy;) | လက်ထောက်ကထိက | |
ဒေါ်မြတ်ကေခိုင် | B.Sc(Phys;)(Q) | နည်းပြ |