လျှပ်စစ်နည်းပညာသင်တန်းဌာန

လျှပ်စစ်နည်းပညာသင်တန်းသို့တက်ရောက်မည့်ကျောင်းသား/သူ များအားလျှပ်စစ်နည်းပညာသင်တန်း

ဌာနဆရာ/မ များမှနွေးထွေးစွာကြိုဆိုပါတယ်။

မျက်မှောက်ခေတ်ကာလတွင် ပြည်တွင်း၌ ခေတ်မှီနည်းပညာများတိုးတက်လာသည်နှင့်အမျှ လျှပ်စစ်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြပါသည်။လျှပ်စစ်ပစ္စည်းများအား ယခုလိုသုံးစွဲလာကြသည့်အပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ဖို့ရန် လျှပ်စစ်နည်းပညာကို စနစ်တကျ သင်ကြားတတ်မြောက်ဖို့ လွန်စွာအရေးကြီးပါသည်။နည်းပညာလို့ ပြောလိုက်တာနဲ့ လက်တွေ့တွေကို သင်ကြားပေးမည့် နေရာ/သက်မွေးပညာလို့ ကြားလိုက်တာနဲ့ နည်းပညာတွေပါ သင်ကြားပေးမည့်နေရာပဲဆိုတာကို သိနေရပါမယ်။နည်းပညာပါရင် သက်မွေးပါကိုပါရမယ် သက်မွေးလို့ပြောရင် နည်းပညာပါကိုပါရမယ် ဆိုတာ လူတိုင်းသိမယ်လို့ မျှော်လင့်ပါတယ်။မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် လျှပ်စစ် နည်းပညာ ဟာ အလွန်အင်မတန် အရေးပါသဖြင့် ကျောင်းသား/သူ များ Electrical Technology (ET) ဘာသာရပ်ကို ရွေးချယ်တက်ရောက်ကြတာဟာ အင်မတန်မှမှန်ကန်သင့်တော်လှပါတယ်။

လျှပ်စစ်နည်းပညာသင်တန်းကိုတက်ရောက်သင်ကြားခြင်းအားဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများမှာ-

၁။ မိမိကိုယ်တိုင်လျှပ်စစ်အန္တရာယ်ကင်းဝေးအောင်လုပ်ဆောင်နိုင်လာခြင်း

၂။ မိမိအိမ်တွင်လျှပ်စစ်နှင့်ပတ်သတ်ပြီးစည်းကမ်းရှိစွာသုံးစွဲတတ်လာခြင်း

၃။ မိမိအိမ်တွင်လျှပ်စစ်နှင့်ပတ်သတ်သောကိစ္စရပ်များကိုကိုယ်တိုင်ပြုပြင်တပ်ဆင်လာနိုင်ခြင်း

၄။ မိမိပတ်ဝန်းကျင်တွင် လျှပ်စစ်နှင့်ပတ်သတ်သော ဗဟုသုတများ/ဆောင်ရန်ရှောင်ရန်များကို လည်း သေချာစွာပြန်လည်မျှဝေပေးနိုင်ခြင်း

၅။ မိမိပတ်ဝန်းကျင်မှလူငယ်များကိုလည်းအလုပ်အကိုင်အခွင့်အလမ်းများလမ်းပြပေးနိုင်ခြင်း

၆။ နိုင်ငံတော်အတွက် အကျိုးပြုသော ကျွမ်းကျင်အင်ဂျင်နီယာများ အဖြစ်ရပ်တည်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိပါမည်။

လျှပ်စစ်နည်းပညာသင်တန်းကိုတက်ရောက်သင်ကြားခြင်းအားဖြင့်ရရှိမည့်အလုပ်အကိုင်အခွင့်အလမ်းများမှာ-

၁။ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းလုပ်ငန်းလုပ်ကိုင်နိုင်ခြင်း

၂။ မော်တာကွိုင်ပတ်ခြင်းလုပ်ငန်းလုပ်ကိုင်နိုင်ခြင်း

၃။ ထရန်စဖော်မာကွိုင်ပတ်ခြင်းလုပ်ငန်းလုပ်ကိုင်နိုင်ခြင်း

၄။ စက်ရုံ၊ အလုပ်ရုံများတွင်ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း

၅။ ကိုယ်ပိုင်လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်လှစ်နိုင်ခြင်း

၆။ လျှပ်စစ်ပစ္စည်းများပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းလုပ်ကိုင်နိုင်ခြင်း

၇။ ကုမ္ပဏီများ/ပြင်ပပုဂ္ဂလိက လုပ်ငန်းများ၏ အင်ဂျင်နီယာဌာနများတွင် ဝင်ရောက် လုပ်ကိုင် နိုင်ခြင်း

၈။ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် လက်တွေ့ဘာသာရပ်များကို သင်ကြားပြသနိုင်သောဆရာ/မ များအဖြစ် ဝင်ရောက် လုပ်ကိုင် နိုင်ခြင်း

၉။ အစိုးရရုံးများတွင် ကျွမ်းကျင်လုပ်သား၊ လိုင်းလုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း   စသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိပါမည်။

လျှပ်စစ်နည်းပညာဘာသာရပ်ကိုယခုအခါမှာအပိုင်းသုံးပိုင်းနဲ့လုပ်ဆောင်ပေးလျှက်ရှိပါသည်။

၁။ သင်ကြားရေး

၂။ လက်တွေ့လုပ်ဆောင်မှုနှင့်

၃။ အခါအားလျော်စွာ ပြင်ပလုပ်ငန်းခွင်များနှင့် ချိတ်ဆက်လုပ်ဆောင်မှုတို့ကို ပြုလုပ်ဆောင် ရွက်ပေးလျှက်ရှိပါသည်။

သင်ကြားရေးပိုင်းအနေနဲ့ လက်ရှိမှာ ပထမနှစ်သင်တန်းနှင့် ဒုတိယနှစ်သင်တန်းများကို သင်ကြား ပေးလျှက်ရှိပါသည်။ သင်တန်းကြာချိန်မှာ(၂)နှစ်ဖြစ်ပါသည်။ပထမနှစ်ပြီးပါက ပြင်ပတွင် လက်တွေ့တစ်လဆင်းရပါမည်။ဒုတိယနှစ်ပြီးပါကလည်း ပြင်ပတွင် လက်တွေ့ တစ်လဆင်း ရပါမည်။ ပထမနှစ်တွင် Major နှင့် Minor ဘာသာရပ်များကို သင်ကြားရပါမည်။

Minor ဘာသာရပ်များမှာ-

၁။ မြန်မာစာ

၂။ အင်္ဂလိပ်စာ

၃။ သင်္ချာ

၄။ ဓာတုဗေဒ

၅။ ရူပဗေဒ

Major ဘာသာရပ်များမှာ-

၁။ Drawing

၂။ Electrical Principles

၃။ Electrical Installations

ဒုတိယနှစ်တွင် Major နှင့် Minor ဘာသာရပ်များကိုသင်ကြားရပါသည်။

Minor ဘာသာရပ်များမှာ-

၁။ အင်္ဂလိပ်စာ

၂။ သင်္ချာ

Major ဘာသာရပ်များမှာ-

၁။ Electrical Drives and Machines

၂။  Electrical Automation and Control

ပထမနှစ်အတွက်လက်တွေ့သင်ကြားမှုများမှာ-

  1. လျှပ်စစ်နှင့်ပတ်သတ်သောအခြေခံအသုံးအနှုန်းများ၊အခေါ်အဝေါ်များကိုစတင်သင်ကြားရပြီးအိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းများကိုအသေးစိတ်သင်ကြားလေ့လာရမှာဖြစ်ပါတယ်။
  2. အိမ်သုံးလျှပ်စစ်ပစ္စည်းများ(ထမင်းပေါင်းအိုး၊မီးပူ၊ရေနွေးအိုး၊မီးဖို၊ဟင်းချက်အိုး)တွေအကြောင်းကိုလည်းသင်ကြားလေ့လာရမှာဖြစ်ပါတယ်။

ဒုတိယနှစ်အတွက်လက်တွေ့သင်ကြားမှုများမှာ-

  1. မော်တာကွိုင်ပြန်ပတ်ခြင်း (Motor Rewinding) ၊ မော်တာများကို ထိန်းချုပ် မောင်းနှင်ခြင်း ( Motor Control )နှင့်
  2. ထရန်စဖော်မာကွိုင်ပတ်ခြင်း (Transformer Winding )များကို သင်ကြား လေ့လာရမှာ ဖြစ်ပါတယ်

လျှပ်စစ်နည်းပညာသင်တန်းဌာနမှသင်ကြားပေးလျှက်ရှိသောသင်တန်းများမှာ-

သင်တန်းအမည် –  အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း (ကျောင်းတွင်းကာလတိုသင်တန်း)

  • အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း ( ကျောင်းပြင်ပကာလတိုသင်တန်း)

သင်တန်းကာလကြာချိန်- တစ်လ 

ကျောင်းတွင်း/ပြင်ပလက်တွေ့သင်ကြားပေးခဲ့သောအပတ်စဉ်မှာ (၁၇)ကြိမ်မြောက်တိုင်ခဲ့ပါပြီ။

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်လျှပ်စစ်နည်းပညာသင်တန်း(ET)ဘာသာရပ်ကိုတက်ရောက်ခြင်းအားဖြင့်မိမိရပ်ရွာ/မိမိနိုင်ငံတော်အတွက်အကျိုးပြုယုံကြည်အားကိုးထိုက်သောထူးချွန်ထက်မြက်သောလျှပ်စစ်ကျွမ်းကျင်အင်ဂျင်နီယာများမလွဲဧကန်ဖြစ်လာမည်ဟုပြောကြားလိုပါသည်။

လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှုများ

စဉ်အမည်ရာထူးပညာအရည်အချင်း

ဒေါ်နီနီလွင်
တွဲဖက်ပါမောက္ခ
B.E(EP)
ဒေါ်စန်းဝေအောင်
ကထိက
B.E(EP)
ဒေါ်ဝင်းဝင်းခိုင်
လက်ထောက်ကထိက
AGTI(EP)
ဒေါ်ကေသွယ်ရွှေစက်မှုကျွမ်းကျင်-၁
AGTI(EP)
ဒေါ်ကြည်ကြည်ခိုင်
နည်းပြ
B.E(EP)
ဒေါ်ခိုင်ဝါထွန်း
နည်းပြ
B.E(EP)
ဦးကောင်းစည်သူ
စက်မှုကျွမ်းကျင်-၄
AGTI(EP)
ဒေါ်ဇင်မာစိုး
စက်မှုကျွမ်းကျင်-၄
AGTI(EP)
ဦးချမ်းငြိမ်းလင်းစက်မှုကျွမ်းကျင်-၅GTHS(ET)