မော်တော်ယာဉ်နည်းပညာသင်တန်းဌာန

ယနေ့ခေတ်တွင် မော်တော်ယာဥ်အသုံးပြုမှုများပြားလာသည်နှင့်အမျှ မော်တော်ယာဥ်များသည် လည်း နည်းပညာအဆင့်မြင့်မားခေတ်မှီ ဆန်းသစ်လာနေပြီဖြစ်ပါသည်။ ဆန်းသစ်မြင့်မားလာ သော မော်တော်ယာဥ်နည်းပညာများကို အဆက်မပြတ်လေ့လာနိုင်ရန် မော်တော်ယာဥ်၊ အင်ဂျင် ပြုပြင်မှု နည်းပညာသင်တန်းသည် အရေးပါလှသော၊ အခြေခံကျသော နည်းပညာသင်တန်း တစ်ခု ဖြစ်ပါသည်။         

Auto-Mechanics Technology၏ ပထမနှစ်သင်တန်းတွင် AT-101 Basic Engineering Drawing (အခြေခံအင်ဂျင်နီယာပုံဆွဲနည်းပညာ)၊ AT-102 Petrol Engine & Diesel Engine (Fasteners များ၊ အင်ဂျင်များ၏ အခြေခံသဘောတရားများ၊ ဓာတ်ဆီဒီဇယ်အင်ဂျင်များ၏ အလုပ်လုပ်ပုံ၊ ဖွဲ့စည်းတည်ဆောက် ပုံများ၏ အခြေခံသဘောတရားများ)၊ AT-103 Auto Electricity & Chassis (Battery, Alternator & electronic components, Clutch, drive shaft, steering system, Brake system, Wheel & Tiresများ၏ အခြေခံသဘောတရားများ၊ အလုပ်လုပ်ပုံနှင့် ဖွဲ့စည်းတည်ဆောက်ပုံများ) စသည့်မေဂျာဘာသာ ရပ်သုံးခုကို အခြေခံမှစ၍ သင်ကြားပေးပါသည်။

ဒုတိယနှစ်သင်တန်းတွင် AT-201 Engineering Drawing (အင်ဂျင်နီယာပုံဆွဲဘာသာရပ်)၊ AT-202 Petrol Engine & Diesel Engine(ဓာတ်ဆီ၊ ဒီဇယ်အင်ဂျင်အစိတ်အပိုင်းတစ်ခု ချင်းစီ၏ အရေးပါပုံ၊ အလုပ် လုပ်ပုံ၊ အမျိုးအစားများ)၊ AT-203 Auto Electricity & Chassis (Ignition systemအမျိူးအစား၊ အလုပ်လုပ် ပုံနှင့် diagnosis & serviceများ၊ automotive lighting, electrical & electronic systemများ၊ wheel, steering, suspension, clutch, brake, manual transmissionများ၏ diagnosis & service အခြေခံအ ကြောင်းအရာများ၊ gearbox, front & rear axle များ၏ ဖွဲ့စည်းတည်ဆောက်ပုံ နှင့် အမျိုးအစားများ) စသည့် မေဂျာဘာသာရပ်သုံးခုကို သင်ကြားပေးပါသည်။

စာသင်နှစ်၂နှစ်တွင် အင်ဂျင်နီယာပုံဆွဲနည်းများကို ကျွမ်းကျင်စွာဆွဲနိုင်ခြင်း၊ တစ်လုံးထိုးဓာတ်ဆီ၊ ဒီဇယ်အင်ဂျင်များကို ကျွမ်းကျင်စွာဖြုတ်တပ်ပြုပြင်နိုင်ခြင်း၊ electrical & electronic components, Chassis systemများ၏ အခြေခံသဘောတရားများ၊ အမျိုးအစားများနှင့် ဖွဲ့စည်းတည်ဆောက်ပုံများ၊ အလုပ်လုပ်ပုံများကို သိရှိနားလည်ပြီး စစ်ဆေးတတ်မည်ဖြစ်ပါ သည်။

သင်တန်းဆင်းကျောင်းသား/သူများသည် စက်ရုံ/အလုပ်ရုံများနှင့် မော်တော်ယာဉ်အလုပ်ရုံများ တွင် skilled worker များအဖြစ်လည်းကောင်း၊ ကျေးလက်ဒေသများတွင် တစ်လုံးထိုး အင်ဂျင်စက်ပြင်ဆရာ အဖြစ်လည်းကောင်း အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် ရည်ရွယ် သင်ကြားပေးလျက်ရှိပါသည်။

စဉ်အမည်ရာထူးပညာအရည်အချင်း
ဒေါ်ခွာညိုဝင်းရှိန်
ကထိကB.E(Mech;)
ဒေါ်သန္တာအေးလက်ထောက်ကထိက
AGTI(MP)
ဦးသီဟကျော်လက်ထောက်ကထိကB.E(Mech;)
ဒေါ်အိမွန်ထွန်းလက်ထောက်ကထိကB.E(Mech;)
ဒေါ်နှင်းအေးကြွယ်စက်မှုကျွမ်းကျင်-၄AGTI(MP)
ဦးကြည်တင်စက်မှုကျွမ်းကျင်-၄AGTI(MP)

လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှုများ