အဆောက်အဦနည်းပညာသင်တန်းဌာန

အဆောက်အဦနည်းပညာ ဌာနမှ ကြိုဆိုပါတယ် ခင်ဗျာ………

အဆောက်အဦးနည်းပညာသင်တန်းသည် အဆောက်အဦးပုံစံများ ထုတ်လုပ်ခြင်း၊ လက်သမား ဆိုင်ရာ လုပ်ငန်းများ ၊ပန်းရံအုတ်စီခြင်းဆိုင်ရာ အတတ်ပညာများ၊ သံချည်သံကွေးခြင်း ဆိုင်ရာ အတတ်ပညာများ Surveying တိုင်းတာခြင်းစသည့် အဆောက်အဦးဆိုင်ရာ နည်းပညာများကို သင်ကြားပေးနေသည့် ဌာနဖြစ်ပါသည်။

ရည်ရွယ်ချက

အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) ၊ အဆောက်အဦးနည်းပညာဌာန၏ ရိုးရိုးအောင်ချက်(၁၀၀%)အား ဆက်လက်ထိန်းသိမ်းထားနိုင်ရန်နှင့် အထူးအောင်ချက်(%)များ ပိုမိုတိုးတက်မြင့်မားစေရေး ၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသောသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ အဆောက်အဦနည်းပညာဌာနမှ မွေးထုတ်လိုက်သော ကျောင်းသားတိုင်း အရည်အသွေးအာမခံချက်ရှိပြီး သင်တန်းပြီးဆုံးသွားသူများသည် ကျွမ်းကျင်မှုစံနှုန်းများနှင့် ကိုက်ညီသောသူများ ဖြစ်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ပြင်ပလုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရန် အားသာချက်များကို ဆက်လက် ထိန်းသိမ်းထားပြီး အောင်မြင်မှုအသစ်များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၊ အဆောက်အဦနည်းပညာဌာနသည် GTHS ပုံမှန်၂နှစ်သင်တန်းများ (ပထမနှစ်၊ဒုတိယနှစ်)၊ ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများ၊ Assessmentစစ်ဆေးခြင်း လုပ်ငန်းများ ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် သင်တန်းပြီးဆုံးသွားသော ကျောင်းသားတိုင်း အရည်အသွေး ပြည့်ဝစေရန်နှင့် အလုပ်အကိုင်အခွင့်အလန်းများ ပိုမိုရရှိစေနိုင်ရေး လုပ်ငန်းတာဝန်များအား ဆောင်ရွက်လျက် ရှိပါသည်။



ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းများ

•Bricklaying

•Road

•Barbending

•Concrete Shuttering

•Theodolite Surveying

ASSESSMENT CENTER ရရှိထားမှုအခြေအနေ

•Bricklaying level.1

•Bricklaying level.2

•Carpenter level.1 (လျောက်ထားဆဲ)

အလုပ်အကိုင် အခွင့်အလမ်းများ

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၊အဆောက်အဦနည်းပညာဌာနမှမွေးထုတ်လိုက်သောကျောင်းသား ကျောင်းသူများသည်

•AGTI သင်တန်းများဆက်လက်တက်ရောက်နေခြင်း

•အစိုးရဝန်ကြီးဌာနများတွင်တာဝန်ထမ်းဆောင်နေခြင်း

•Construction Company များနှင့် Road Company များတွင်လည်း တာဝန်ထမ်းဆောင်လျက် ရှိပါသည်

စဉ်အမည်
ရာထူးပညာအရည်အချင်း

ဒေါ်ရွှေသိင်္ဂီထွန်း
ကထိက
B.E(Civil)
ဦးဘိုဘိုလျှံ
လက်ထောက်ကထိက

B.E(Civil)
ဒေါ်ထိုက်သူဇာ
လက်ထောက်ကထိက

B.E(Civil)
ဒေါ် ကျော့ကျော့စိုးစံလက်ထောက်ကထိက
B.E(Civil)
ဦးမျိုးဇော်ဦး
စက်မှုကျွမ်းကျင်-၁
THS(Civil)
ဒေါ်ဖြူဖြူဝင်း
စက်မှုကျွမ်းကျင်-၄
AGTI(Civil)
‌ဒေါ်သွန်းသံသာမောင်
စက်မှုကျွမ်းကျင်-၄
AGTI(Civil)
ဒေါ်ပြည့်ဖြိုးမော်စက်မှုကျွမ်းကျင်-၄AGTI(Civil)
ဦးထူးမြတ်စက်မှုကျွမ်းကျင်-၅GTHS(BT)
၁၀ဒေါ်အေးချမ်းမေစက်မှုကျွမ်းကျင်-၅GTHS(BT)
၁၁ဒေါ်သင်းရနံ့ဖြိုးစက်မှုကျွမ်းကျင်-၅GTHS(BT)
၁၂ဒေါ်မြနှင်းဆီ
နေ့စား