စာပေဌာန

စာပေဌာနတွင် မြန်မာ ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒ ဘာသာရပ်များ ပါဝင်ပါသည်။ ဤဘာသာရပ်(၅)ခုသည် အင်ဂျင်နီယာဘာသာရပ်အားလုံးအတွက် အထောက်အကူရရှိစေရန် သင်ကြား ပို့ချပေးပါသည်။ထူးချွန်သော အင်ဂျင်နီယာကျောင်းသား/သူများ ဖြစ်လာစေရန် ရည်ရွယ်၍လက်တွေ့နှင့် ဆက်စပ်မှု ရှိသောတွေးခေါ်မှုများ ရရှိစေရန် ခြုုံငုံ၍ သင်ကြားပေးပါသည်။

မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များ သင်ကြား သင်ယူမှု လုပ်ငန်းစဉ်တွင် ထိရောက်မှုရှိစေရန်   lesson plan များစနစ်တကျရေးဆွဲ၍ သင်ကြားပါသည်။

စာပေဘာသာရပ်များအနေဖြင့် ကလေးများတိုးတက်မှု ရှိစေရန်အတွက်

(၁) နှုတ်မေးခွန်းများမေးခြင်း။

(၂) Tutorial /Assignments များပြုလုပ်စစ်‌ဆေးပေးခြင်း။

(၃) တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မေးခွန်းများ မေးမြန်းစေခြင်း ။

(၄) Group   ဖွဲ့၍ပြိုင်ပွဲများ ကျင်းပပေးခြင်း။

ထိုသို့ကျင်းပရာတွင်  Question Type  ပုံစံကို

Type (I)

ကျောင်းသင်ခန်းစာများကို တတ်ကျွမ်းနားလည်မှုရှိခြင်းကို စမ်းသပ်ခြင်:။

Type (II)

ကျောင်းသား/သူများ၏ ဖြတ်ထိုးဉာဏ်ကို စမ်းသပ်ခြင်:။

Type (III)

မေဂျာနှင့်ပတ်သတ်သည့်ပုံများကို  အ‌တွေးအ‌ခေါ်ဖြင့် မြင့်တက်မှုရှိခြင်းကို စမ်းသပ်ခြင်း။

Type (IV)

ဘာသာရပ်နှင့် လက်တွေ့လူမှုဘဝတွင် ဆက်နွယ်မှုရှိစေရန် အတွေးအ‌ခေါ်များကို စမ်းသပ်စစ် ဆေးခြင်း။

Type(V)

ကျောင်းသားကျောင်းသူများ၏activities များကိုကြည့်၍ အကဲဖြတ်အမှတ်ပေးခြင်း

တို့ဖြင့်အဆင့်ဆင့် ပြုလုပ်၍စစ်ဆေးခဲ့ပါသည်။

  • Group ဖွဲ့၍ ဖြေဆိုခြင်းအားဖြင့် ကျောင်းသား/သူများ အချင်းချင်း ဖေးမကူညီစေရန်။
  • စုပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ တိုးတက်မြင့်မားလာစေရန် စသည့်ရည်ရွယ် ချက်များဖြင့် ဖြေဆိုခြင်းဖြစ်ပါသည်။

စာပေဌာနအနေဖြင့် ထူးချွန်သောအင်ဂျင်နီယာ ကျောင်းသား/သူများမွေးထုတ်ရာတွင် အထောက် အပံ့ဖြစ်စေရန် သင်ကြားပေးခြင်းနှင့် ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြင့်မားစေရန် ဘာသာရပ် နှင့်ဆိုင်သော   knowledge sharing များပြုလုပ်ကြပါသည်။

ပညာရေးစနစ်တိုးတက်ပြောင်းလဲလာသည်နှင့်အညီသင်ကြားမှုပုံံစံများကို learning plalform ပုံစံဖြင့်သင်ကြားပေးပါက ဆရာတပည့်နှစ်ဦးနှစ်ဖက်

  • ITပညာကိုပိုမိုသိသာမြင်သာစေခြင်း။
  • အချိန်ကုန်သက်သာစေခြင်း။
  • သက်ဆိုင်ရာဘာသာရပ်နှင့်ပတ်သက်သည်ကိုလဲ ပိုမိုမြင်သာစေခြင်း။

စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။

ထိုသို့ သင်ကြားခြင်းသည် ကျောင်းသား ဗဟိုပြု သင်ကြားခြင်းအတွက် များစွာအထောက်အကူ ပြုပါသည်။

  • Onlineမှစာများကိုလေ့လာစေခြင်း၊
  • Work sheet, Job sheetများပြုလုပ်စေခြင်း၊
  • Softwareများသုံး၍ ဘာသာရပ်များအားဖြေရှင်းစေခြင်း၊ ပုံများ ဆွဲစေခြင်း၊
  • လက်တွေ့ဘဝနှင့်ဆက်နွယ်သော အချက်အလက်များရရှိစေခြင်း။

ဆရာဆရာမများအနေဖြင့် စဥ်ဆက်မပြတ်လေ့လာလျက်ရှိပါသည်။

                         စာပေဘာသာရပ်များ သင်ကြားမှုပုံစံ

ဘာသာရပ်ဆိုင်ရာလက်တွေ့များနှင့် ချိတ်ဆက်သင်ကြားခြင်း

                                                                                                  တီထွင်ဖန်တီးသည်။

                                                                           အကဲဖြတ်သည်။

                                                                   စိစစ်ပိုင်းခြားသည်။

                                                      အသုံးချသည်။

                             ‌             နားလည်သည်။        

                             မှတ်မိသည်။

ကိုဗစ်-၁၉ ကာလအတွင်း အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၏ ဆရာ/ဆရာမ များ၊ ကျောင်းသား/သူ များနှင့် ဝန်ထမ်းများအားလုံး အသုံးပြုရန် အတွက် ဓာတုဗေဒဘာသာရပ်မှ ဦးဆောင်၍ Handgel များပြုလုပ်ခြင်းကို သင်တန်းပေးဆောင်ရွက်ခဲ့ပါသည်။

စဉ်အမည်ရာထူးပညာအရည်အချင်း
ဒေါ်သင်းသင်းအေးတွဲဖက်ပါမောက္ခM.Sc(Maths;)
ဒေါ်စန္ဒာနွယ်တွဲဖက်ပါမောက္ခM.A(Myan;)
ဒေါ်ခင်သီတာစိုးတွဲဖက်ပါမောက္ခM.Sc(Chem;)
ဒေါ်အိအိဟန်တွဲဖက်ပါမောက္ခM.Sc(Phy;)
ဒေါ်သဉ္ဇာလွင်ကထိကM.A(Eng;)
ဒေါ်ဇင်မီထွေးကထိကB.A(Eng;)
ဒေါ်ဥမ္မာကထိကB.A(Eng;)
ဒေါ်ပန်းနုသွေးကထိကM.A(Myan;),M.Res
ဒေါ်သင်းသင်းဦးကထိကM.Sc(Maths;)
၁၀ဒေါ်အေးငြိမ်းသီတာကထိကM.Sc(Phy;)
၁၁ဒေါ်ဆုမြတ်နိုးလက်ထောက်ကထိကM.Sc(Maths;)
၁၂ဒေါ်သက်သက်မွန်လက်ထောက်ကထိကM.E.S.P
၁၃ဒေါ်ခင်မြတ်သူနည်းပြM.Sc(Phy;)