စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်းဌာန

အစိုးနည်းပညာ အထက်တန်းကျောင်းများကို ရှေးယခင်ကပင် ဝန်ကြီးဌာနမှ အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းများအဖြစ် လိုအပ်ချက်အရ တိုးချဲ့ဖွင့်လှစ်ခဲ့ရာ (၁၉၉၆ မှ ၂၀၀၈) ထိ ကာလများတွင် ခေတ္တပိတ်ထားခဲ့ပါသည်။

၂၀၀၉တွင်ပြန်လည်၍ အသစ်တဖန်တိုးချဲ့ဖွဲ့စည်းလာသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှု နှင့်သက်မွေးပညာဦးစီးဌာနအောက်တွင် ပြန်လည်၍ အစိုးရနည်းပညာအထက်တန်းကျောင်း ဟူ၍ ယခင်ကထက်တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ၂၀၀၉ ခုနှစ်တွင် (၃၂)ကျောင်းမှ ယခုအခါ(၃၅)ကျောင်း အထိဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။

အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းအသီး သီးအနက်မှ စက်ပစ္စည်းခုတ်စားထုတ်လုပ်မှုနည်းပညာ (MACHINING TECHNOLOGY) သင် တန်းသည် ယခင်ကတွင်ခုံဖေါက်ခုံသင်တန်းအဖြစ်သင်ကြားပို့ချခဲ့ပါသည်။

နိုင်ငံတခုအတွက် ခေတ်မှီဖွံ့ဖြိုးသော လူနေမှု ကုန်ထုတ်လုပ်မှုတို့အတွက် စိတ်ကူးစိတ်သန်းများ ကို လက်တွေ့ထုတ်လုပ်ပေးနိုင်သော စက်ပစ္စည်းအစိတ်အပိုင်းများကို ထုတ်လုပ်ပေးနိုင်သည့် ဤအတတ်ပညာသည် မရှိမဖြစ်လိုအပ်နေလျှက်ရှိပါသည်။

Machining Technology သည် Mechanical Engineering ဘာသာရပ်၏ အဓိကကျ သော နည်းပညာနယ်ပယ်တစ်ခုဖြစ်ပြီး စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် အခြေခံ ကျသော စက်များ၊စက်ကိရိယာများ၊တိုင်းတာရေးကိရိယာများ၊ လက်သုံးကိရိယာနှင့် ခုတ်စား နည်းများကိုသိရှိနားလည်ပြီး ကျွမ်းကျင်စွာကိုင်တွယ်အသုံးချနိုင်ရန် သင်ကြားလေ့ကျင့်ပေးနေ သော သင်တန်းဖြစ်ပါ သည်။

အလုပ်ရုံနည်းပညာနှင့် စက်မှုပုံဆွဲအတတ်ပညာ အခြေခံနည်းစနစ်များကို အသုံးပြုလျှက် စက်ပစ္စည်း အစိတ်အပိုင်းများကို စနစ်တကျပြုလုပ်တတ်စေရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် ကာကွယ်ရေး အသုံးအဆောင်များနှင့် လေ့ကျင့်ရေး စည်းမျဉ်းစည်းကမ်း နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်တတ်စေရန် လေ့ကျင့်သင်ကြားပေး လျှက်ရှိပါသည်။

အခြေခံဂဟေဆက် နည်းပညာဘာသာရပ်တွင် လျှပ်စစ်ဂဟေ၊ ဓါတ်ငွေ့ဂဟေနှင့်ခေတ်ပေါ် ဂဟေဆက်နည်းစနစ်များကို လေ့ကျင့်သင်ကြားပြီး ဘေးအန္တရာယ်ကင်း၍ ကျွမ်းကျင်စွာလုပ် ကိုင် ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြား ပေးလျှက်ရှိပါသည်။ လက်ရှိ ပေးအပ်လျက်ရှိသော (၂)နှစ်ပုံမှန်သင်တန်းတွင် နှစ်အလိုက်သင်ကြားပို့ချပေးနေသော မေဂျာ ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်

စဉ်အမည်ရာထူးပညာအရည်အချင်းမှတ်ချက်
ဒေါ်ချိုချိုမြင့်
ကထိက
M.E(Mech;)
ဒေါ်ပြည့်လှိုင်ဝင်းနည်းပြBE(Mech;)
ဦးစန်းအောင်
စက်မှုကျွမ်းကျင်-၃
B.A(Myan;)
ဒေါ်သွန်းအိမ့်ခြွေ
စက်မှုကျွမ်းကျင်-၄
AGTI(MT)
ဦးရန်နိုင်ဦးစက်မှုကျွမ်းကျင်-၅
GTHS(MT)

လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှုများ