ရေခဲသေတ္တာနှင့် လေအေးပေးစက် နည်းပညာသင်တန်းဌာန

ယနေ့ခေတ်တွင်အိမ်သုံး၊ လုပ်ငန်းသုံး ရေခဲသေတ္တာနှင့် လေအေးပေးစက်များ အသုံးပြုမှုများ ပြားလာသည်နှင့်အမျှ ရေခဲသေတ္တာနှင့် လေအေးပေးစက်များသည်လည်း ခေတ်မှီဆန်းသစ် လာနေပြီ ဖြစ်ပါသည်။ ဆန်းသစ်လာသောနည်းပညာများကို လေ့လာနိုင်ရန် ရေခဲသေတ္တာနှင့် လေအေးပေးစက် နည်းပညာသင်တန်းသည် အရေးပါလှသော၊ အ‌ခြေခံကျသော နည်းပညာသင်တန်း တစ်ခုဖြစ်ပါသည်။

Refrigeration and Air Conditioning Technology ပထမနှစ်သင်တန်းတွင် AT-101 Basic Engineering Drawing၊ AR-101 Electrical and Electronics Application နှင့် AR-102 Residential Refrigeration and Air Conditioning စသည့် မေဂျာဘာသာ ရပ်သုံးခုကို သင်ကြားပေးပြီး ဒုတိယနှစ် သင်တန်းတွင် AR-201 Commercial Refrigeration နှင့် AR-202 Commercial Air Conditioning စသည့် မေဂျာဘာသာရပ် နှစ်ခုကိုသင်ကြားပေးပါသည်။

စာသင်နှစ်၂နှစ်တွင် ရေခဲသေတ္တာနှင့် လေအေးပေးစက်အစိတ်အပိုင်းများ စစ်ဆေးပြုပြင် တပ်ဆင်ခြင်းဆိုင်ရာ အခြေခံသဘောတရားများကို စာတွေ့သာမက လက်တွေ့ ပြုလုပ်ခြင်း များကို စနစ်တကျသင်ကြားပေးပါသည်။

သင်တန်းဆင်းကျောင်းသား/သူများသည် ရေခဲသေတ္တာနှင့် လေအေးပေးစက်တို့၏ အခြေခံ သဘောတရားများကို သိရှိနားလည်ပြီး စက်ရုံအလုပ်ရုံများ၊ အိမ်သုံး၊ လုပ်ငန်းသုံး ရေခဲသေတ္တာနှင့်လေအေးပေးစက် ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းများ၊ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်သော ကျွမ်းကျင်သည့် Skill Worker များအဖြစ် အသက်မွေးဝမ်း‌ကြောင်း ပြုနိုင်ရန် ရည်ရွယ်သင်ကြားပေး လျက်ရှိပါသည်။

စဉ်အမည်ရာထူးပညာအရည်းအချင်းမှတ်ချက်
ဒေါ်သက်မွန်ကျော်
ကထိက
M.E(Mech;)
ဒေါ်ချောစုမာ
လက်ထောက်ကထိက
AGTI(MP)
3ဒေါ်ချစ်ချစ်ဇော်လက်ထောက်ကထိက
B.E(Mech;)
4ဒေါ်သီရိမောင်ဆန်း
စက်မှုကျွမ်းကျင်-၃
B.Tech(Mech;)
5ဦးအောင်မင်းထွန်းစက်မှုကျွမ်းကျင်-၅GTHS(RACT)
6ဦးဝန်းထက်အုပ်စက်မှုကျွမ်းကျင်-၅GTHS(RACT)

လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှုများ