ရည်မှန်းချက်

နည်းပညာနှင့်သက်မွေးပညာကို သင်ယူလိုသူတိုင်း လေ့လာသင်ကြားခွင့် ရရှိစေရန်။သင်ယူတတ်မြောက်ပြီးသော အတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန်။ဒေသအတွင်း လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်။အရည်အသွေးအာမခံမှုရှိပြီး လုပ်သားဈေးကွက်၏ လိုအင်နှင့်လိုက်လျောညီထွေမှု ရှိသော ကျောင်းသား၊ကျောင်းသူများ မွေးထုတ်ပေးနိုင်ရန်။

မျှော်မှန်းချက်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအား အာမခံမှုရှိသော သင်ကြားသင်ယူမှုများဖြင့် လုပ်ငန်းခွင်ကျွမ်းကျင်သော သင်တန်းသားများ မွေးထုတ်ပေးရန်။နိုင်ငံတကာမှ အသိအမှတ်ပြုသော အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာစေရန်။

ပုံမှန်သင်တန်းများ

အဆောက်အဦနည်းပညာသင်တန်း အီလက်ထရောနစ်နည်းပညာသင်တန်း လျှပ်စစ်နည်းပညာသင်တန်း မော်တော်ယာဉ်နည်းပညာသင်တန်း စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်း သုတနည်းပညာသင်တန်း ရေခဲသေတ္တာနှင့်လေအေးပေးစက်နည်းပညာသင်တန်း

နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)ကို၂၀၀၉ခုနှစ်၊မေလ(၅)ရက်နေ့တွင်စတင်ဖွင့် လှစ်ခဲ့ပါသည်။ဤကျောင်းအဆောက်အဦနေရာသည်မူလတန်းလွန်ကျောင်းအဖြစ်ဖွင့်လှစ်ရန်ရည်ရွယ် ဆောက်လုပ်ခဲ့ရာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ယခုပညာရေးဝန်ကြီးဌာန)မှ လွှဲပြောင်းလက်ခံခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ပါသည်။