သုတနည်းပညာဘာသာရပ်၏အဓိကရည်ရွယ်ချက်ကတော့ သတင်းအချက်အလက် (information) တွေကို မြန်မြန်ဆန်ဆန်တိတိကျကျ ရရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါသည်။ ယနေ့ခေတ်မှာ Input Data တွေကို မြန်မြန်ဆန်ဆန်တိတိကျကျ Process လုပ်ပြီး သတင်းအချက်အလက် (Information) အဖြစ် ပြုလုပ်ပေးနိုင်တဲ့ ပစ္စည်းကတော့ Computer ပဲဖြစ်ပါတယ်။ ဒါကြောင့် Computer တစ်လုံး၏အလုပ် လုပ်ဆောင်ပုံနှင့် Computer ကိုသုံးပြီး ICT နည်းပညာအကြောင်းတွေကို သုတနည်းပညာဌာနမှာ သင်ကြားပေးမှာဖြစ်ပါတယ်။ GTHS (IT) အောင်လက်မှတ် ရရှိဖို့အတွက် ၃နှစ်ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ် တစ်နှစ်ကို စာမေးပွဲကြီး နှစ်ကြိမ်ဖြေဆိုရမည်ဖြစ်ပါသည်။ သုတနည်းပညာဌာန ဘာသာရပ်များ၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့ (၆၀%) နှင့် စာတွေ့ (၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ် အပြီးတွင် ပထမနှစ် ကျောင်းသား/သူများမှာ လက်တွေ့ ကွင်းဆင်းလေ့လာမှု များကို (၁)လ ပြုလုပ် ရ မည်ဖြစ်ပြီး၊ ဒုတိယနှစ်ကျောင်းသား/သူများမှာ (On Job Training) လုပ်ငန်းခွင် သွားရောက် လေ့လာမှုများကို (၂)လ ပြုလုပ်ရမည်ဖြစ်ပါသည်။
ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။GTE-101 အခြေခံပုံဆွဲဘာသာရပ်
၇။GTE-102 အခြေခံနည်းပညာ
၈။GTE-103 အခြေခံကွန်ပျူတာသိပ္ပံ
ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။စာရိတ္တနှင့်ပြည်သူ့နီတိ
၇။IT 201-Computer Software Application
၈။ IT 202- Introduction to Programming
၉။IT 203-Digital Fundamentals
တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓာတုဗေဒ
၅။ ရူပဗေဒ
၆။ IT 301-Computer Networking
၇။IT 302- Web Design
သုတနည်းပညာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း
စဉ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်သက်စုမွန် | M.C.Sc | တွဲဖက်ပါမောက္ခ |
၂ | ဒေါ်ဖြူမာနိုင် | BE(IT)Q | ကထိက |
၃ | ဒေါ်ထက်ထက်ဇော် | AGTI(IT) | စက်မှုကျွမ်းကျင်(၃) |
၄ | ဒေါ်စန်းသူဇာ | GTHS(IT) | စက်မှုကျွမ်းကျင်(၄) |
သုတနည်းပညာဌာန လက်တွေ့သင်ကြားမှုမှတ်တမ်းများ





