Computer Hardware ပိုင်းဆိုင်ရာ ကွန်ပျူတာပြုပြင်ထိန်းသိမ်း ခြင်းများကို သိရှိနားလည်နိုင်စေရန်၊ Programming ဘာသာရပ်ကို နားလည်တက်မြောက်ပီး programများ ကျွမ်းကျင်စွာ လက်တွေ့ ရေးသားနိုင်စေရန်၊Web Design နှင့် Web Development ဘာသာရပ် များကို သိရှိနားလည်၍ Web Application များကို လက်တွေ့ ဖန်တီးရေးသားနိုင်စေရန်၊ Network အခြေခံသဘောတရားများကို နားလည်၍ ကွန်ပျူတာကွန်ယက် ချိတ်ဆက်အသုံးပြုခြင်းနှင့် Network System Administration များကို သိရှိနားလည် တက်မြောက်နိုင်စေရန် ရည်ရွယ်ပါသည်။စာသင်နှစ် တစ်နှစ်ကို စာမေးပွဲကြီး နှစ်ကြိမ်ဖြေဆိုရမည်ဖြစ်ပါသည်။ သုတနည်းပညာသင်တန်း ဘာသာရပ်များ၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့ (၆၀%) နှင့် စာတွေ့ (၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ် အပြီးတွင် ပထမနှစ် ကျောင်းသား/သူများမှာ လက်တွေ့ ကွင်းဆင်းလေ့လာမှု များကို (၁)လ ပြုလုပ် ရ မည်ဖြစ်ပြီး၊ ဒုတိယနှစ်ကျောင်းသား/သူများမှာ (On Job Training) လုပ်ငန်းခွင် သွားရောက် လေ့လာမှုများကို (၂)လ ပြုလုပ်ရမည်ဖြစ်ပါသည်။

ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ဓါတုဗေဒ

၅။ရူပဗေဒ

၆။GTE-101 အခြေခံပုံဆွဲဘာသာရပ်

၇။GTE-102 အခြေခံနည်းပညာ

၈။GTE-103 အခြေခံကွန်ပျူတာသိပ္ပံ

ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ဓါတုဗေဒ

၅။ရူပဗေဒ

၆။စာရိတ္တနှင့်ပြည်သူ့နီတိ

၇။IT 201-Computer Software Application

၈။ IT 202- Introduction to Programming

၉။IT 203-Digital Fundamentals

တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ဓာတုဗေဒ

၅။ ရူပဗေဒ

၆။ IT 301-Computer Networking

၇။IT 302- Web Design

 

GTHS Certificate(Information Technology)

အခြေခံပညာစနစ်သစ် KG+12 မှ Grade -9 အောင်မြင်ပြီးသူ

သုတနည်းပညာ အင်ဂျင်နီယာ Certificate သင်တန်းပြီးမြောက် အောင်မြင် ပါက Desktop Publishing၊ Programmer ၊ Network Engineer ၊ Network System Administrator နှင့် Assistant Web Developer များအဖြစ်  လုပ်ငန်းခွင်သို့ ဝင်ရောက် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ထူးချွန်သူများအနေဖြင့်BE/ B-Tech/ AGTI အဆင့်မြင့်သင်တန်းများသို့ ဆက်လက်ပညာသင်ကြားခွင့်ရရှိ ပါမည်။

လက်တွေ့ဆောင်ရွက်နေမှုမှတ်တမ်းဓာတ်ပုံများ