အစိုးရနည်းပညာ အထက်တန်းကျောင်း(နေပြည်တော်)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ နှစ်ဝက်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၃၁-၁-၂၀၂၅နေ့တွင် ကျောင်း၏ စုဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းအသီးသီးမှ ပထမ၊ဒုတိယ၊တတိယ ရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊၂၀၂၄-၂၀၂၅ ပညာသင်နှစ် တတိယနှစ်၏ ပထမနှစ်ဝက်စာမေးပွဲတွင် ဘာသာစုံ Grade-A ရရှိသော ကျောင်းသား/သူများလည်းကောင်း၊ASEAN- India Grassroots Innovation Forum(AIGIF) ၏ Innovation Project Competition တွင် ဝင်ရောက်ယှဉ်ပြိုင်၍ ပဏာမရွေးချယ်ခြင်းခံရသော winner ဆုရ ကျောင်းသား(၂)ဦးအားလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသော (၁၀)ကြိမ်မြောက် ASEAN Plus Three Junior Science Odyssey တွင် ပထမဆုရရှိခဲ့သော ကျောင်းသားအားလည်းကောင်း၊ ASEAN- India Grassroots Innovation Forum(AIGIF) ၏ Innovation Project Competition တွင် ဝင်ရောက်ယှဉ်ပြိုင်၍ ပဏာမရွေးချယ်ခြင်းခံရသော winner ဆုရ ကျောင်းသား(၂)ဦးကို ကြီးကြပ်သူ ဆရာ/မ (၂)ဦးအားလည်းကောင်း၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော ASEAN Republic of Korea TVET Mobility Programming ၏ Construction Skill Competition ပြိုင်ပွဲတွင် ဒုတိယဆုနှင့် Construction Engineering Technology Programming တွင် ပထမရရှိခဲ့သော ဆရာအားလည်းကောင်း ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *